မိသားစုအတွက်
ကျနော့်ဘဝကို ပေးခဲ့ပြီးပြီမေမေ
အချိန်ကျလာတဲ့တနေ့
နိုင်ငံနဲ့လူမျိုးအတွက်
ကျနော့်ဘဝကို စတေးချင်သေးတယ်။ ။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Saturday, May 21, 2011
Sunday, April 17, 2011
ဆန်တီယာဂို
မွေးရာပါချို့တဲ့မှုနဲ့
ဘဝကအသားသေပြီးသား
ခရီးမပေါက်တဲ့လမ်းတွေပေါ်မှာ
ဖေါင်အခါခါဖျက်ရင်း
အသက်ရှုပိုပိုကျပ်လာတယ်
ကျနော်ဟာနွားပါ။ ။
ဘဝကအသားသေပြီးသား
ခရီးမပေါက်တဲ့လမ်းတွေပေါ်မှာ
ဖေါင်အခါခါဖျက်ရင်း
အသက်ရှုပိုပိုကျပ်လာတယ်
ကျနော်ဟာနွားပါ။ ။
Thursday, April 14, 2011
အကျဉ်းချုပ်
အသက်(ပိုပို)ကြီးလာတာရယ်
ခါး(ပိုပို)ကိုင်းလာတာရယ်
မျက်စိ(ပိုပို)မှုန်လာတာရယ်
အစွန်းအထင်း(ပိုပို)များလာတာရယ်ကလွဲလို့
ကျနော်ဟာ မိမွေးတိုင်း၊ဖမွေးတိုင်းပါပဲ။ ။
ခါး(ပိုပို)ကိုင်းလာတာရယ်
မျက်စိ(ပိုပို)မှုန်လာတာရယ်
အစွန်းအထင်း(ပိုပို)များလာတာရယ်ကလွဲလို့
ကျနော်ဟာ မိမွေးတိုင်း၊ဖမွေးတိုင်းပါပဲ။ ။
Wednesday, March 2, 2011
သစ္စာလမ်း
သစ္စာလမ်းဟာအရင်လိုမဟုတ်တော့ဘူး
သစ္စာလမ်းမှာအရိပ်ခိုစရာမရှိတော့ဘူး
သစ္စာလမ်းမှာမွေးပြီး
သစ္စာလမ်းမှာကြီးခဲ့ပေမယ့်
သစ္စာလမ်းကငါ့ကိုမသိတော့ဘူး
သစ္စာလမ်းဟာသူစိမ်းဆန်သွားပြီ
သစ္စာလမ်းဟာအရင်ကထက်ကြမ်းလာတယ်
သစ္စာလမ်းမှာဘောလုံးကန်လို့မကောင်းတော့ဘူး
သစ္စာလမ်းမှာအထပ်မြင့်တိုက်တွေတိုးလာတယ်
သစ္စာလမ်းမှာမျက်နှာစိမ်းတွေများလာတယ်
သစ္စာလမ်းရဲ့အရင်နာမည်ဘယ်သူသိသေးလဲ
သစ္စာလမ်းမှာလူဟောင်းတွေဘယ်သူရှိသေးလဲ
သစ္စာလမ်းရဲ့ဇတွေဘယ်ရောက်ကုန်ပြီလဲ
သစ္စာလမ်းရဲ့ညတွေဘယ်သူစိုးမိုးထားလဲ
သစ္စာလမ်းမှာဂစ်တာတီးပြီးသီချင်းဆိုချင်သေးတယ်
သစ္စာလမ်းရဲ့လမ်းဘေးခုံတွေမှာထိုင်ချင်သေးတယ်
သစ္စာလမ်းဟာတချိန်ကတော့ဘာဆိုလားပဲ
သစ္စာလမ်းကိုပြန်ရောက်တိုင်း
သစ္စာလမ်းဟာသစ္စာလမ်းနဲ့မတူတော့လို့
သစ္စာလမ်းကိုလွမ်းရတယ်
သစ္စာလမ်းမှာသစ္စာလမ်းကိုပြန်ရှာရင်းနဲ့
သစ္စာလမ်းပေါ်လျှောက်ရင်း
သစ္စာလမ်းကိုငေးရင်း
စိတ်ကအတိတ်ကိုခဏခဏကျွံကျွံကျတယ်။ ။

Saturday, February 26, 2011
အိမ်ပြန်ချိန်
အိမ်ပြန်ချိန်ဟာ...ဒီရက်ပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီလပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီနှစ်ထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မနက်ခင်းလေးမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညနေပိုင်းမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညချမ်းချိန်မှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးမရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးမရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူသိရှင်ကြား...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူမသိသူမသိ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...အိမ်ကိုပြန်တဲ့အချိန်...ဖြစ်တယ်
အိမ်ပြန်ချိန်ဟာ...စိတ်ကူးယဉ်လို့...ကောင်းတယ်။ ။

Wednesday, February 23, 2011
ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဝတ္ထုဖြစ်တယ်
အစ။ ။အချစ်နဲ့စစ်မှာ
မတရားတာမရှိဘူးသီတာ
ပိုင်ဆိုင်မှုအတွက်
သိမ်းပိုက်ခြင်းပဲရှိတယ်။
အလယ်။ ။ငိုနေတဲ့မျက်လုံးတွေမှာ
အမုန်းတွေကိုတွေ့တယ်
ပြုံးပါဦးလားသီတာရယ်
တဘဝလုံးစာမုန်းရလောက်အောင်
ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။
မုန်းပါသီတာ
ရှုံးသူမှမဟုတ်ပါဘူး
နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
မျက်ရည်စတွေနဲ့ပါ။
အဆုံး။ ။ကိုယ်ကချစ်မိသူပါသီတာ
အချစ်တခုတည်း သိခဲ့မိသူမို့
အပြစ်ရှိခဲ့တယ်ဆိုရင်လည်း
မင်းလက်နဲ့ငါ့ကိုသတ်
ပြီးမှ ငါ့ရင်ကနေထွက်ပါ။
ချစ်သူရဲ့အမုန်း
အေးစက်တဲ့အပြုံးတွေနဲ့
တလောကလုံးကို
ကိုယ်အရှုံးပေးလိုက်တယ်
မင်းပျော်ပါစေ သီတာ။
နောက်ဆက်တွဲ။ ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
ချစ်မိတဲ့ငနဲရဲ့ဘဝဟာ
ငရဲအမျှပူလောင်တယ်ဆိုတာ
ချစ်မိခဲ့သူသာအသိဆုံးပါ။
ဒါပေမယ့် သီတာရယ်...။ ။
မတရားတာမရှိဘူးသီတာ
ပိုင်ဆိုင်မှုအတွက်
သိမ်းပိုက်ခြင်းပဲရှိတယ်။
အလယ်။ ။ငိုနေတဲ့မျက်လုံးတွေမှာ
အမုန်းတွေကိုတွေ့တယ်
ပြုံးပါဦးလားသီတာရယ်
တဘဝလုံးစာမုန်းရလောက်အောင်
ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။
မုန်းပါသီတာ
ရှုံးသူမှမဟုတ်ပါဘူး
နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
မျက်ရည်စတွေနဲ့ပါ။
အဆုံး။ ။ကိုယ်ကချစ်မိသူပါသီတာ
အချစ်တခုတည်း သိခဲ့မိသူမို့
အပြစ်ရှိခဲ့တယ်ဆိုရင်လည်း
မင်းလက်နဲ့ငါ့ကိုသတ်
ပြီးမှ ငါ့ရင်ကနေထွက်ပါ။
ချစ်သူရဲ့အမုန်း
အေးစက်တဲ့အပြုံးတွေနဲ့
တလောကလုံးကို
ကိုယ်အရှုံးပေးလိုက်တယ်
မင်းပျော်ပါစေ သီတာ။
နောက်ဆက်တွဲ။ ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
ချစ်မိတဲ့ငနဲရဲ့ဘဝဟာ
ငရဲအမျှပူလောင်တယ်ဆိုတာ
ချစ်မိခဲ့သူသာအသိဆုံးပါ။
ဒါပေမယ့် သီတာရယ်...။ ။
အောက်ခြေလူတန်းစား အထက်လွှာ
ညီလေးရေ...
ကမ္ဘာကြီးရဲ့တနေရာစီမှာ
မင်းနဲ့ငါ
ကိုကြီးရေ...
မတူညီတဲ့ယဉ်ကျေးမှုတွေကြားမှာ
မင်းနဲ့ငါ
ကိုယ့်ဘဝကို ကိုယ်ရှာဖွေကြရင်းနဲ့ပဲ
မိသားစုဘဝ နွေးထွေးမှုကို
အေးစက်စက် ခံစားနေတတ်ခဲ့ကြပြီ။
ခေတ်ကြီးကို လက်ညှိုးထိုး
စနစ်ကို လက်ညှိုးထိုး
နောက်ဆုံးကွာ
ကံကြမ္မာကိုပဲ အပြစ်တင်ရင်း
အသက်တွေသာ ကြီးသွားကြတယ်
ဘဝတွေကတော့
ခွေးလျက်တဲ့ ထညက်တွေလို
တ ဖြည်း ဖြည်း နဲ့ လုံး...ပါး...ပါး...ခဲ့။ ။

Wednesday, February 9, 2011
မဲပြာပုဆိုးများ
ပြောလက်စ စကားကိုရပ်ပြီး အမှတ်မဲ့ဆေးလိပ်မီးညှိတယ်၊ လူတွေ ကားပေါ်အလုအယက်တက်၊ ကားတွေ လမ်းပေါ်အလုအယက်မောင်း၊ သူ မျက်စောင်းလှလှလေးထိုးတယ်၊ 'ဒါပါနဲ့ဆို ၁၀လိပ်ရှိနေပြီနော်'တဲ့၊ 'တမနက်ခင်းမှမကျိုးသေးဘူး'၊ သူတောင်းစားတွေ ပိုပိုများလာတယ်၊ စကတ်တွေ ပိုပိုတိုပြီး၊ အင်္ကျီလည်တွေ ပိုပိုဟိုက်လာတာ ကမ္ဘာကြီး ပိုပိုပူနွေးလာလို့ဖြစ်မယ်၊ ခုတလော ပူရှာလို့နဲ့တူပါရဲ့၊ celebrities တော်တော်များများလည်း အဝတ်မကပ်တော့တာ အင်တာနက်ထဲမှာ၊ လက္ဘက်ရည်ဆိုင်မှာ၊ ဘုံဆိုင်မှာ၊ ဈေးလည်မှာ၊ ဘောလုံးပွဲမှာ။
စီးချင်တဲ့ကားက ရောက်မလာဘူး၊ ရောက်လာတဲ့ကားက တက်မရဘူး၊ ရောင်းရမရောင်းရတော့မသိဘူး၊ ဂျာနယ်တော်တော်များများတော့ လန်းနေလေရဲ့၊ လမ်းဘေးမှာ၊ ပလက်ဖေါင်းပေါ်မှာ၊ တိုက်လှေကားမှာ၊ မီးပွိုင့်မှာ၊ ယူချင်ယူ မယူချင်နေ အတင်းကမ်းတဲ့ လက်ကမ်းကြော်ငြာစာရွက်များ၊ ပန်းသည်၊ ဆေးလိပ်နဲ့ကွမ်းယာ၊ billboards၊ အပေါ်လမ်းအောက်လမ်းခေါ်သံများ၊ အကြောင်းမရှိ အကြောင်းရှာရယ်မောတတ်သော ဆယ်ကျော်သက်များ၊ လက်ကိုင်ဖုန်းများ၊ အများပြည်သူသုံး တယ်လီဖုန်း၊ ဘုန်းကြီး၊ မယ်သီလရှင်၊ ဗမာ၊ တရုတ်၊ ကုလား၊ ပြည်ထောင်စုဖွါး တိုင်းရင်းသားများ၊ နိုင်ငံသားမဟုတ်သူများ၊ လမ်းပေါ်မှ အလေအလွင့်များ၊ ဖိနပ်လှလှလေးများ၊ ခြေထောက်လှလှလေးများ၊ ကျောပိုးအိပ်လှလှလေးများ၊ ရောင်စုံထီးများ၊ ဦးထုပ်များ၊ နေကာမျက်မှန်အောက်မှ မျက်လုံးများ၊ ရေသန့်ဘူးများ၊ ဆေးလိပ်တိုများ၊ ကျွတ်ကျွတ်အိပ်များ၊ ကွမ်းသွေးများ။
နောက်တခါမီးညှိလျှင် ၁၁ခါမြောက် သူမျက်စောင်းထိုးလိမ့်ဦးမည်၊ မှတ်တိုင်မှာ ကားတားလျှင် မည်သည့်အငှားယာဉ်မှ ရပ်မပေးချင်ကြပါ။ မရည်ရွယ်ပဲ တယောက်မျက်နှာတယောက်ကြည့်ပြီး သက်ပြင်းကိုယ်စီ ချမိခဲ့ကြသည်။

Thursday, February 3, 2011
မီး
ဒီလိုနဲ့...တနေ့ပြီးတနေ့ အချိန်တွေသာကုန်ခဲ့တယ်
ငါ့မှာ လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့ ဒါဏ်ရာတွေပဲရှိတယ်။
ဘဝကမမှားဘူး။ငါကမှားခဲ့တာ။
ငါက ဘဝကို မှားခဲ့တာ။ ။
ငါ့မှာ လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့ ဒါဏ်ရာတွေပဲရှိတယ်။
ဘဝကမမှားဘူး။ငါကမှားခဲ့တာ။
ငါက ဘဝကို မှားခဲ့တာ။ ။
Monday, January 31, 2011
လှိုင်း
ဘဝကို...
မိုက်မိုက်မဲမဲ (ရောင့်ရဲ/ရိုးသား/သမားရိုးကျ/သာယာ) မိခဲ့တော့လည်း
ခက်ခက်ခဲခဲ (အားတင်း/ရုန်းကန်/ပေးဆပ်) ရတာပေါ့
တကယ်တမ်းပြောရရင်တော့
ဘဝဆိုတာ...(ဂငယ်ကွေ့) ကွေ့လို့မရတဲ့အရာ။ ။
မိုက်မိုက်မဲမဲ (ရောင့်ရဲ/ရိုးသား/သမားရိုးကျ/သာယာ) မိခဲ့တော့လည်း
ခက်ခက်ခဲခဲ (အားတင်း/ရုန်းကန်/ပေးဆပ်) ရတာပေါ့
တကယ်တမ်းပြောရရင်တော့
ဘဝဆိုတာ...(ဂငယ်ကွေ့) ကွေ့လို့မရတဲ့အရာ။ ။
Sunday, January 30, 2011
ပင်နယံ
မင်္ဂလာပါ...
မင်္ဂလာနံနက်ခင်းပါ...
မင်္ဂလာနေ့လည်ခင်းပါ...
မင်္ဂလာညနေခင်းပါ...
မင်္ဂလာညချမ်းပါ...
နေထိုင်ကောင်းပါရဲ့လား...
ဒါကဒီလိုရှိပါတယ်...
ဟိုဟာကဟိုလိုရှိပါတယ်...
ကျေးဇူးတင်ပါတယ်...
နောင်လည်းလာခဲ့ပါ...
အာရုံလာလာမလာလာ
အကျင့်ပါသလိုဖြစ်နေတာက
အပြုံးမျက်နှာနဲ့ချိုသောစကား
ကြာလာတော့လည်း...
ငြီးငွေ့မိတယ်ဆိုတာ
ဘယ်သူ့ကိုရင်ဖွင့်ပြရမလဲ
အဆင်ပြေပြေမပြေပြေ
တလတခါအိမ်ကိုငွေပို့နိုင်ဖို့အတွက်
ခံစားချက်တွေကိုမျိုသိပ်
အောင့်အည်းရလွန်းလို့
တခါတခါမှာ...
လူဆိုတာတောင် ကိုယ့်ကိုကိုယ်မေ့နေလေရဲ့
ဖြစ်သလိုနေ...
ဖြစ်သလိုစား...
ဖြစ်နေရတဲ့ဘဝကို
နားလည်အောင်လည်းမပြောချင်တော့ပါဘူးလေ
ဖြစ်သမျှအကြောင်းအကောင်းလို့မှတ်
ရှေ့ဆက်...မနက်ဖန်များစွာကျန်သေးတယ်။ ။
မင်္ဂလာနံနက်ခင်းပါ...
မင်္ဂလာနေ့လည်ခင်းပါ...
မင်္ဂလာညနေခင်းပါ...
မင်္ဂလာညချမ်းပါ...
နေထိုင်ကောင်းပါရဲ့လား...
ဒါကဒီလိုရှိပါတယ်...
ဟိုဟာကဟိုလိုရှိပါတယ်...
ကျေးဇူးတင်ပါတယ်...
နောင်လည်းလာခဲ့ပါ...
အာရုံလာလာမလာလာ
အကျင့်ပါသလိုဖြစ်နေတာက
အပြုံးမျက်နှာနဲ့ချိုသောစကား
ကြာလာတော့လည်း...
ငြီးငွေ့မိတယ်ဆိုတာ
ဘယ်သူ့ကိုရင်ဖွင့်ပြရမလဲ
အဆင်ပြေပြေမပြေပြေ
တလတခါအိမ်ကိုငွေပို့နိုင်ဖို့အတွက်
ခံစားချက်တွေကိုမျိုသိပ်
အောင့်အည်းရလွန်းလို့
တခါတခါမှာ...
လူဆိုတာတောင် ကိုယ့်ကိုကိုယ်မေ့နေလေရဲ့
ဖြစ်သလိုနေ...
ဖြစ်သလိုစား...
ဖြစ်နေရတဲ့ဘဝကို
နားလည်အောင်လည်းမပြောချင်တော့ပါဘူးလေ
ဖြစ်သမျှအကြောင်းအကောင်းလို့မှတ်
ရှေ့ဆက်...မနက်ဖန်များစွာကျန်သေးတယ်။ ။
Saturday, January 29, 2011
နှောင်း
ရည်စူးပြီးဖူးခဲ့ပေမယ့်
ချိန်ခါသင့်မပွင့်တတ်ခဲ့တော့
ပန်းဦးလည်း...လွဲခဲ့ရပြီမေ
ရင်တခုလုံးဝေနေအောင်
အလွမ်းတွေပွင့်ခဲ့ပေမယ့်
မေမသိခဲ့တော့လည်း
နွမ်းပါစေ...
ကြွေပါစေ...
ရှိပါစေတော့...မေ
ပွင့်ရာကကြွေ
ကြွေရာကနွမ်း
ဒါပေမယ့်လေ
တိုက်ဆိုင်တတ်တဲ့အခါတိုင်း
ဟိုးအရင်ကအကြောင်းတွေကိုတော့
ရိုးရိုးသားသား...လွမ်းပါရစေ
လွမ်းနေပါရစေ...မေ။ ။
''အချစ်ဆိုတာ''
တနေ့နေ့တချိန်ချိန်ကိုစောင့်စားရင်း
ရင်တခုလုံးဝေနေအောင်ပွင့်ခဲ့ရတဲ့အလွမ်း
ပြောဖို့သိမ်းထားခဲ့တဲ့စကားတွေ
ထင်မှတ်မထားတဲ့အချိုးအကွေ့တခုမှာ
ပြောခွင့်မရှိတော့တဲ့အခါ
မခြွေပေမယ့်ကြွေခဲ့တယ်။ ။
ချိန်ခါသင့်မပွင့်တတ်ခဲ့တော့
ပန်းဦးလည်း...လွဲခဲ့ရပြီမေ
ရင်တခုလုံးဝေနေအောင်
အလွမ်းတွေပွင့်ခဲ့ပေမယ့်
မေမသိခဲ့တော့လည်း
နွမ်းပါစေ...
ကြွေပါစေ...
ရှိပါစေတော့...မေ
ပွင့်ရာကကြွေ
ကြွေရာကနွမ်း
ဒါပေမယ့်လေ
တိုက်ဆိုင်တတ်တဲ့အခါတိုင်း
ဟိုးအရင်ကအကြောင်းတွေကိုတော့
ရိုးရိုးသားသား...လွမ်းပါရစေ
လွမ်းနေပါရစေ...မေ။ ။
''အချစ်ဆိုတာ''
တနေ့နေ့တချိန်ချိန်ကိုစောင့်စားရင်း
ရင်တခုလုံးဝေနေအောင်ပွင့်ခဲ့ရတဲ့အလွမ်း
ပြောဖို့သိမ်းထားခဲ့တဲ့စကားတွေ
ထင်မှတ်မထားတဲ့အချိုးအကွေ့တခုမှာ
ပြောခွင့်မရှိတော့တဲ့အခါ
မခြွေပေမယ့်ကြွေခဲ့တယ်။ ။
Sunday, January 16, 2011
ချင်
ချင်
ချင်ကိုက်တယ်
ချင်တွေကိုက်တယ်
ငယ်ငယ်တုန်းကလည်း...ချင်တွေကိုက်တယ်
ဆယ်ကျော်သက်မှာလည်း...ချင်တွေကိုက်တယ်
အရွယ်ရောက်လာတော့လည်း...ချင်တွေကိုက်တယ်
မိဘအရိပ်မှာနေတုန်းကလည်း...ချင်တွေကိုက်တယ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့လည်း...ချင်တွေကိုက်တယ်
အရင်တုန်းကလည်း...ချင်တွေကိုက်တယ်
အခုလည်း...ချင်တွေကိုက်တယ်
နောင်လည်း...ချင်တွေကိုက်နေဦးမှာပဲ
ဪ...ချင်...ချင်...ချင်...
တဘဝလုံးစာကိုကိုက်တဲ့...ချင်။ ။

Tuesday, January 11, 2011
ကျနော်တို့ ပျော်ကြတယ်
အပျော်တမ်း ကဗျာရေးတယ်
အပျော်တမ်း သီချင်းဆိုတယ်
အပျော်တမ်း လက်ဝှေ့ထိုးတယ်
အပျော်တမ်း ဖဲကစားတယ်
အပျော်တမ်း တောင်တက်တယ်
အပျော်တမ်း ရုပ်ရှင်ရိုက်တယ်
အပျော်တမ်း ဘော်လုံးကန်တယ်
အပျော်တမ်း အရက်သောက်တယ်
အပျော်တမ်း နှင်းလျောစီးတယ်
အပျော်တမ်း ရည်းစားထားတယ်
အပျော်တမ်း ကားပြိုင်တယ်
အပျော်တမ်း နိုင်ငံရေးလုပ်တယ်
အပျော်တမ်း လိင်ဆက်ဆံတယ်
အပျော်တမ်း စစ်မှုထမ်းတယ်
အပျော်တမ်း နွားရိုင်းသတ်တယ်
အပျော်တမ်း ဂဏာန်းတွက်တယ်
အပျော်တမ်း မူးယစ်ဆေးသုံးတယ်
အပျော်တမ်း အမဲလိုက်တယ်
အပျော်တမ်း ပဟေဠိဖွက်တယ်
အပျော်တမ်း ပဉ္စလက်ပြတယ်
အပျော်တမ်း လူသတ်တယ်
ဟုတ်ကဲ့...ဟော့ဒီလောကကြီးထဲမှာ ကျနော်တို့ပျော်ကြပါတယ်။ ။

Monday, January 10, 2011
အလွမ်းအကြောင်းရေးတဲ့ကဗျာ
နေသာလို့လွမ်းတယ်
မိုးရွာလို့လွမ်းတယ်
နေ့မို့လို့လွမ်းတယ်
ညမှောင်လို့လွမ်းတယ်
ပူလို့လွမ်းတယ်
အေးလို့လွမ်းတယ်
သတိရလို့လွမ်းတယ်
ရိုးရိုးသားသားလွမ်းတယ်
လွမ်းချင်လို့ကိုလွမ်းတယ်။
မိုးရွာလို့လွမ်းတယ်
နေ့မို့လို့လွမ်းတယ်
ညမှောင်လို့လွမ်းတယ်
ပူလို့လွမ်းတယ်
အေးလို့လွမ်းတယ်
သတိရလို့လွမ်းတယ်
ရိုးရိုးသားသားလွမ်းတယ်
လွမ်းချင်လို့ကိုလွမ်းတယ်။
Sunday, January 2, 2011
ကဗျာ
ကဗျာရေးသူနဲ့
ကဗျာဖတ်သူကြား
ကဗျာတွေ ခြားလာတယ်
ကဗျာရေးသူဟာကဗျာဆရာဖြစ်လာပြီး
ကဗျာဖတ်သူဟာကဗျာစားသုံးသူ
ကဗျာကို ကဗျာနဲ့ပို့ချ
ကဗျာကို ကဗျာနဲ့တော်လှန်
ကဗျာကို ကဗျာနဲ့ထုတ်လုပ်
အရှေ့၊အနောက်၊တောင်၊မြောက်၊အလယ်
အတိတ်၊ပစ္စုပန်၊အနာဂါတ်
ကဗျာတွေ စီးဆင်းခဲ့ကြတယ်
ကဗျာတွေ စီးဆင်းနေကြတယ်
ကဗျာတွေ စီးဆင်းတယ်
ကဗျာလို့ သိသာစေတဲ့ကဗျာ
ကဗျာလို့ မထင်ရတဲ့ကဗျာ
ကဗျာလို့ ဟန်ဆောင်ထားတဲ့ကဗျာ
ကဗျာမဟုတ်တဲ့ ကဗျာ
ကဗျာတွေကြားထဲမှာ ကဗျာဆိုတာ
မသိစိတ်နဲ့ကိုးကွယ်မိတဲ့
တတိယမြောက်ဘုရားသခင်။ ။
ကဗျာဖတ်သူကြား
ကဗျာတွေ ခြားလာတယ်
ကဗျာရေးသူဟာကဗျာဆရာဖြစ်လာပြီး
ကဗျာဖတ်သူဟာကဗျာစားသုံးသူ
ကဗျာကို ကဗျာနဲ့ပို့ချ
ကဗျာကို ကဗျာနဲ့တော်လှန်
ကဗျာကို ကဗျာနဲ့ထုတ်လုပ်
အရှေ့၊အနောက်၊တောင်၊မြောက်၊အလယ်
အတိတ်၊ပစ္စုပန်၊အနာဂါတ်
ကဗျာတွေ စီးဆင်းခဲ့ကြတယ်
ကဗျာတွေ စီးဆင်းနေကြတယ်
ကဗျာတွေ စီးဆင်းတယ်
ကဗျာလို့ သိသာစေတဲ့ကဗျာ
ကဗျာလို့ မထင်ရတဲ့ကဗျာ
ကဗျာလို့ ဟန်ဆောင်ထားတဲ့ကဗျာ
ကဗျာမဟုတ်တဲ့ ကဗျာ
ကဗျာတွေကြားထဲမှာ ကဗျာဆိုတာ
မသိစိတ်နဲ့ကိုးကွယ်မိတဲ့
တတိယမြောက်ဘုရားသခင်။ ။
Subscribe to:
Posts (Atom)