Sunday, January 30, 2011

ပင်နယံ

မင်္ဂလာပါ...
မင်္ဂလာနံနက်ခင်းပါ...
မင်္ဂလာနေ့လည်ခင်းပါ...
မင်္ဂလာညနေခင်းပါ...
မင်္ဂလာညချမ်းပါ...
နေထိုင်ကောင်းပါရဲ့လား...
ဒါကဒီလိုရှိပါတယ်...
ဟိုဟာကဟိုလိုရှိပါတယ်...
ကျေးဇူးတင်ပါတယ်...
နောင်လည်းလာခဲ့ပါ...
အာရုံလာလာမလာလာ
အကျင့်ပါသလိုဖြစ်နေတာက
အပြုံးမျက်နှာနဲ့ချိုသောစကား
ကြာလာတော့လည်း...
ငြီးငွေ့မိတယ်ဆိုတာ
ဘယ်သူ့ကိုရင်ဖွင့်ပြရမလဲ
အဆင်ပြေပြေမပြေပြေ
တလတခါအိမ်ကိုငွေပို့နိုင်ဖို့အတွက်
ခံစားချက်တွေကိုမျိုသိပ်
အောင့်အည်းရလွန်းလို့
တခါတခါမှာ...
လူဆိုတာတောင် ကိုယ့်ကိုကိုယ်မေ့နေလေရဲ့
ဖြစ်သလိုနေ...
ဖြစ်သလိုစား...
ဖြစ်နေရတဲ့ဘဝကို
နားလည်အောင်လည်းမပြောချင်တော့ပါဘူးလေ
ဖြစ်သမျှအကြောင်းအကောင်းလို့မှတ်
ရှေ့ဆက်...မနက်ဖန်များစွာကျန်သေးတယ်။   ။

1 comment:

ချမ်းလင်းနေ said...

ပင်နယံ သွားတွေ ကျိုးကုန်မယ်။ သိပ်သိပ်မစားနဲ့။ ဖြစ်သလိုပြောပါတယ်။