Showing posts with label အတိုအစများ. Show all posts
Showing posts with label အတိုအစများ. Show all posts

Friday, January 21, 2011

အတိုအစများ

ဘဝကို တခါပြန်စခွင့် ရှိခဲ့ရင်တောင်မှ ဘယ်နေရာကပြန်စရမယ်မှန်း ကျနော်မသိဘူးမေမေ။ ရိုးသားဖြူစင်တဲ့ ကလေးဘဝလား၊ လန်းဆန်းတက်ကြွတဲ့ ဆယ်ကျော်သက်အရွယ်လား၊ အရွယ်ရောက်ကာစ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့အချိန်လား ကျနော်ဘာကိုရွေးရမှာလဲမေမေ။ သေချာတာတခုကတော့ ကျနော်ရိုးသားချင်တယ်၊ ကျနော်ရဲရင့်ချင်တယ်၊ ကျနော်ဖြူစင်ချင်တယ်၊ ကျနော်တက်တက်ကြွကြွရှိနေချင်တယ်။ မစ္ဆိရစိတ်ကင်းကင်းနဲ့ ဘဝကိုတည်ဆောက်ချင်တယ်။ ဒါပေမယ့်လည်း မေမေရယ်၊ ဖြစ်ပျက်သွားတာတွေက သိပ်မြန်တယ်။ သိပ်ကိုမြန်ခဲ့တယ်။ ရွေးချယ်ခဲ့သည်ဖြစ်စေ၊မဖြစ်စေ ကျနော်ပျိုးခဲ့တဲ့မျိုးကို ကျနော်ရိတ်သိမ်းရမှာပေါ့မေမေ။စိတ်ပျက်တယ်ရယ်လို့ မဟုတ်ပေမယ့် မကျေမနပ်တော့ ဖြစ်မိတာပေါ့မေမေ။လက်ရှိဘဝကို နေတတ်ဖို့၊ ကျေနပ်တတ်ဖို့ ကျနော်ကြိုးစားနေပေမယ့်။တကယ်တမ်းကျတော့ ကျနော်မရင့်ကျက်သေးပါဘူးမေမေ။