အစ။ ။အချစ်နဲ့စစ်မှာ
မတရားတာမရှိဘူးသီတာ
ပိုင်ဆိုင်မှုအတွက်
သိမ်းပိုက်ခြင်းပဲရှိတယ်။
အလယ်။ ။ငိုနေတဲ့မျက်လုံးတွေမှာ
အမုန်းတွေကိုတွေ့တယ်
ပြုံးပါဦးလားသီတာရယ်
တဘဝလုံးစာမုန်းရလောက်အောင်
ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။
မုန်းပါသီတာ
ရှုံးသူမှမဟုတ်ပါဘူး
နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
မျက်ရည်စတွေနဲ့ပါ။
အဆုံး။ ။ကိုယ်ကချစ်မိသူပါသီတာ
အချစ်တခုတည်း သိခဲ့မိသူမို့
အပြစ်ရှိခဲ့တယ်ဆိုရင်လည်း
မင်းလက်နဲ့ငါ့ကိုသတ်
ပြီးမှ ငါ့ရင်ကနေထွက်ပါ။
ချစ်သူရဲ့အမုန်း
အေးစက်တဲ့အပြုံးတွေနဲ့
တလောကလုံးကို
ကိုယ်အရှုံးပေးလိုက်တယ်
မင်းပျော်ပါစေ သီတာ။
နောက်ဆက်တွဲ။ ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
ချစ်မိတဲ့ငနဲရဲ့ဘဝဟာ
ငရဲအမျှပူလောင်တယ်ဆိုတာ
ချစ်မိခဲ့သူသာအသိဆုံးပါ။
ဒါပေမယ့် သီတာရယ်...။ ။
No comments:
Post a Comment